• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာရှ ငွေကြေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းတည်ထောင်

(GMT+08:00) 2017-07-25 09:58:08

အာရှ ငွေကြေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းတည်ထောင်ပွဲ အခမ်းအနားကို ယခုလ ၂၄ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့သည်။ လက်ရှိအချိန်အထိ ကမ္ဘာ့ တိုက်ကြီး ငါးခု၏ နိုင်ငံ ၂၇ နိုင်မှ ငွေကြေးအဖွဲ့အစည်း ၁၀၇ ဖွဲ့တို့သည် အဖွဲ့ဝင်အဖြစ် ပါဝင်လာနေပြီ ဖြစ်သည်။ ဒေသတွင်း အစိုးရမဟုတ်၊ စီးပွါးဖြစ် မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်း တစ်ခု အဖြစ် အာရှ ငွေကြေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့သည် အာရှ ငွေကြေး အဖွဲ့အစည်းများ ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖေါင်းကို ဖန်တီးပေးမည် ဖြစ်ပြီး အဖွဲ့ဝင်အားလုံး ဝန်ဆောင်မှုနှင့် အကျိုးရလဒ်များ အတူ မျှဝေခံစားနိုင်ရန်အတွက်လည်း စီမံ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ် မာခိုင်က၊ အာရှ ငွေကြေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်းသည် တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ၂၀၁၅ ခုနှစ် ပိုအော် အာရှဖိုရမ်တွင် တင်ပြသော အဆိုပြုချက်ကို ဖေါ်ဆောင်ရေးဆိုင်ရာ အောင်ကျိုးရလဒ် ဖြစ်သည့်အပြင် အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံရေးဘဏ် ပြီးလျှင် တရုတ်နိုင်ငံ၏ အဆိုပြုချက်အရ ဖွဲ့စည်းထူထောင်သော နောက်ထပ် ဒေသတွင်း ငွေကြေး အဖွဲ့အစည်း တစ်ခုလည်း ဖြစ်ကြောင်း ပြောကြားပါသည်။

အာရှ ငွေကြေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ပထမဦးဆုံး ငွေကြေးကောင်စီ ဥက္ကဋ္ဌ၊ တရုတ်ဘဏ် ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ ထျန်ကိုလိက၊ အာရှ ငွေကြေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့သည် အာရှ ငွေကြေး အကျပ်အတည်း သင်ခန်းစာယူသည့် အခြေခံပေါ်တွင် ဖွဲ့စည်း တည်ထောင်ခြင်းပင် ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။

   Webradio