• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် တရုတ်ပြည် ဂျီဒီပီ ၆့ ၉ ရာခိုင်နှုန်း တိုးလာ

(GMT+08:00) 2017-07-24 09:52:03

တရုတ် နိုင်ငံတော် စာရင်းအင်း ဦးစီးဌာနမှ မကြာမီက ထုတ်ပြန်သော စီးပွါးရေး ဆိုင်ရာ စာရင်းများအရ၊ ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် တရုတ်ပြည် ဂျီဒီပီသည် လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၆့ ၉ ရာခိုင်နှုန်း တိုးလာကြောင်း၊ တရုတ်ပြည် စီးပွါးရေးသည် မြန်မြန်မှန်မှန် တိုးတက်နေကြောင်း၊ နိုင်ငံခြား မီဒီယာများက တရုတ်ပြည်၏ စီးပွါးရေး ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၏ အကျိုးသက်ရောက်မှု ထင်ရှားသည်ဟု ဖေါ်ပြကြကြောင်း တရုတ်ပြည်သူ့နေ့စဉ်သတင်းစာ၏ ဆောင်းပါးတွင် ရေးသား ဖေါ်ပြ ထားသည်။

ပြင်သစ် နိုင်ငံတကာ သတင်းစာတွင်၊ လက်ရှိ အခြေအနေအရ ယခုနှစ် တရုတ်ပြည် စီးပွါးရေး ၆့ ၅ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းချက်ကို လွယ်လွယ်လေးဖြင့် အကောင်အထည် ဖေါ်ဆောင်နိုင်မည်ဟု ခန့်မှန်းထားသည်။

ဗြိတိန်နိုင်ငံ ရိုက်တာ သတင်းဌာနက တရုတ်ပြည် ဒုတိယ သုံးလပတ်အတွင်း စီးပွါးရေ အင်အားကောင်းမွန်စွာ တိုးတက်လာပြီး ပြုပြင်ပြောင်းလဲမှု ဇောက်ချ ပြုလုပ်ရေး အတွက် လမ်းခင်းပေးနေခြင်း ခေါင်းစဉ်ဖြင့် ဆောင်းပါး တစ်ပုဒ်ကို ရေးသားဖေါ်ပြထားသည်။ ယင်းဆောင်းပါးတွင် တရုတ်ပြည် စီးပွါးရေး စာရင်းများ ထုတ်ပြန်သည့်ရက်တွင် နိုင်ငံတကာ အစုရှယ်ယာများ တိုးတက်နှုန်းသည် စံချိန်သစ် တင်ခဲ့ပြီး တရုတ်ပြည် အစုရှယ်ယာ ကိန်းညွှန်းလည်း လိုက်ပြီး တက်သွားသည်ဟု ရေးသားဖေါ်ပြထားသည်။

   Webradio