• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် တပ်မတော်ကို ကမ္ဘာ့ ထိပ်တန်း တပ်မတော် အဖြစ် တည်ဆောက်ရန် ကြိုးပမ်း ဆောင်ရွက်မည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00) 2017-07-22 12:37:29

ယခုနှစ် သြဂုတ်လ ၁ရက်နေ့သည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တည်ထောင်ခဲ့သည့် နှစ်၉၀ပြည့်မြောက်နေ့ ဖြစ်သည်။ ဇူလိုင်လ ၂၁ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပီကင်းမြို့ရှိ တရုတ် ပြည်သူ့ တော်လှန်ရေးနှင့် စစ်ရေး ပြတိုက်သို့ သွားရောက်ပြီး တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တည်ထောင် ခဲ့သည့် နှစ်၉၀ပြည့်မြောက်ခြင်း အထိမ်းအမှတ်ပြပွဲကို ကြည့်ရှုရာ တရုတ် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ရေးနှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ကို ကမ္ဘာ့ ထိပ်တန်း တပ်မတော် အဖြစ် တည်ဆောက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ရန် ညွှန်ကြား ပြောကြားသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

   Webradio