• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်နှင့် အာဘတ်စ် တွေ့ဆုံ

(GMT+08:00) 2017-07-20 10:35:30

        တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ပီကင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်ပြည်၌ တရားဝင် ခရီးလှည့်လည်နေသော ပါလက်စတိုင်းသမ္မတ အာဘတ်စ်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာတွင် လီခေ့ချန်က တရုတ်နှင့် ပါလက်စတိုင်း နှစ်နိုင်ငံတို့သည် ချစ်ကြည်ရေးအစဉ်အလာ နက်ရှိုင်းပြီး အပြန်အလှန် လေးစား ထောက်ခံကြကြောင်း၊ ၁၈ ရက်နေ့က ဥက္ကဋ္ဌရှီကျင့်ဖိန်နှင့် သမ္မတ အာဘတ်စ်တို့သည် တွေ့ဆုံဆွေးနွေးပြီး အောင်ကျိုးရလဒ် များစွာ ရရှိခဲ့ကြောင်း၊ ယင်းသည် တရုတ်-ပါလက်စတိုင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံမှု ပိုမို နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်ရန် များစွာ တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။

   Webradio