• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ဗဟိုကော်မတီ ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ရေး ဦးဆောင် အဖွဲ့ အစည်းအဝေး ကြီးမှူး ကျင်းပ

(GMT+08:00) 2017-07-20 09:37:46

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗဟိုကော်မတီ ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချ ပြုလုပ်ရေး ဦးဆောင်အဖွဲ့ ခေါင်းဆောင် ရှီကျင့်ဖိန်သည် ယခုလ ၁၉ ရက်နေ့ ညနေပိုင်းက ဗဟိုကော်မတီ ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချ ပြုလုပ်ရေး ဦးဆောင်အဖွဲ့ ၃၇ ကြိမ်မြောက် အစည်းအဝေးကို ကြီးမှူး ကျင်းပပြီး မိန့်ခွန်း ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ တာဝန်ဝတ္တရားများကို ရဲရဲဝံ့ဝံ့ ထမ်းဆောင်ရမည် ဖြစ်ကြောင်း၊ အကြံဥာဏ်ကောင်းများကို အားကိုးပြီး လက်တွေ့ကျ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အဖြစ်မှန် အတိုင်း လုပ်ဆောင် ပြောဆိုရမည် ဖြစ်ကြောင်း၊ ဇွဲရှိရှိဖြင့် လုပ်ငန်း ဖွံ့ဖြိုးလာအောင် တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည် ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ယခုအကြိမ် အစည်းအဝေးတွင်၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု ကင်းမဲ့သော လယ်ယာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးသည် လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးမှုဆိုင်ရာ နက်ရှိုင်းသော တော်လှန်ရေး ဖြစ်ပြီး လယ်ယာစိုက်ပျိုးရေး ပြုပြင်ပြောင်းလဲမှု၏ အဓိက ဦးတည်ချက်လည်း ဖြစ်ကြောင်း၊ နိုင်ငံတော် နည်းပညာ လွှဲပြောင်းရေးစနစ် ထူထောင်ရမည် ဖြစ်ပြီး ပိုမို ပြည့်စုံ ကောင်းမွန်လာအောင်လည်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အများပြည်သူ ယဉ်ကျေးမှု လုပ်ငန်းဌာနများ ဥပဒေနှင့်အညီ စီမံခန့်ခွဲရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို တွန်းအား ပေးရမည် ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ ယဉ်ကျေးမှုနှင့် လူမှုရေး ကူးလူးဖလှယ်ရေး လုပ်ငန်းကို အားဖြည့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဆေးဝါးနှင့် ဆေးကိရိယာများ အရည် အသွေး လုံခြုံမှု လုပ်ငန်းကို တွန်းအားပေးရမည် ဖြစ်ကြောင်း ဖေါ်ပြထားသည်။

   Webradio