• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် အာဘာ့စ်နှင့် တွေ့ဆုံ

(GMT+08:00) 2017-07-19 09:41:18

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၈ ရက်နေ့က ပီကင်း၌ ပါလက်စတိုင်း သမ္မတ အာဘာ့စ်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း၊ ရှီကျင့်ဖိန်သည် ပါလက်စတိုင်း ပြဿာ ဖြေရှင်းရေးနှင့် ပတ်သက်ပြီး အဆိုပြုချက် လေးရပ်ကို တင်ပြထားကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံသည် ယခင်ကလိုပင် ပါလက်စတိုင်း ပြဿနာ ဖြေရှင်းရေး အတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ပါလက်စတိုင်းပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်မှု မှန်သမျှကို ထောက်ခံပါကြောင်း ပြောကြားပါသည်။

ခေါင်းဆောင် နှစ်ဦးတို့သည် တရုတ်-ပါလက်စတိုင်း ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု ဘက်စုံ တိုးတက်ရန် တွန်းအားပေးလိုကြောင်း တညီတညွတ်တည်း အလေးထား ပြောကြားပါသည်။

ပါလက်စတိုင်း ပြဿနာ ဖြေရှင်းရေးနှင့် ပတ်သက်ပြီး ရှီကျင့်ဖိန်က၊ နိုင်ငံ နှစ်နိုင်ငံ အဆိုပြုချက်ကို အခြေခံအဖြစ်ထားသည့် နိုင်ငံရေး ဖြေရှင်းရေးနည်းလမ်းကို ဦးလည်မသုန် တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ယင်းနေ့၌ပင် နှစ်နိုင်ငံ ခေါင်းဆောင် ရှေ့မှောက်၌ တရုတ်-ပါလက်စတိုင်း သက်ဆိုင်ရာတို့သည် နိုင်ငံခြားရေး၊ စီးပွါးရေး၊ ကျွမ်းကျင်သူ လေ့ကျင့်ပျိုးထောင်ရေးနှင့် ယဉ်ကျေးမှု စသည့်နယ်ပယ်များဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာများကိုလည်း ချုပ်ဆိုခဲ့ကြကြောင်း သိရပါသည်။

   Webradio