• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အိန္ဒိယသည် ကက်ရှ်မီးယားဒေသ၌ ပါကစ္စတန် တပ်ဖွဲ့၏ကားကို တိုက်ခိုက်ခြင်းကို ပါကစ္စတန် ကန့်ကွက်

(GMT+08:00) 2017-07-18 09:38:42

ပါကစ္စတန် စစ်ဘက်က၊ အိန္ဒိယ တပ်ဖွဲ့သည် ယခုလ ၁၆ ရက်နေ့က ကက်ရှ်မီးယား ဒေသရှိ ပါကစ္စတန်နှင့် အိန္ဒိယတို့ ထိန်းချုပ်ရာ မျဉ်းကြောင်း အနီး၌ ပါကစ္စတန် တပ်ဖွဲ့၏ ကား တစ်စီးကို တိုက်ခိုက်ပြီး ပါကစ္စတန်သားများ သေကြေဒဏ်ရာ ရရှိစေခဲ့ခြင်းကို ပါကစ္စတန်က ကန့်ကွက်ကြောင်း ၁၇ ရက်နေ့က ဖေါ်ပြသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ပါကစ္စတန် တပ်မတော် ပြန်ကြားရေး ဦးစီးဌာန၏ ကြေညာချက် တစ်ရပ်တွင်၊ အိန္ဒိယသည် ၁၆ ရက်နေ့က ကက်ရှ်မီးယားဒေသ၌ ပါကစ္စတန်တပ်ဖွဲ့၏ ကားတစ်စီးကို တိုက်ခိုက်ခြင်းကြောင့် ပါကစ္စတန် စစ်သား ၄ ဦး သေဆုံးပြီး စစ်သား ၁ ဦးနှင့် အရပ်သူ တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဖေါ်ပြထားပါသည်။

   Webradio