• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တည်ငြိမ်ပြီး ပွင့်လင်းသော ကူးသန်းရောင်းဝယ်မှု ပတ်ဝန်းကျင်ကို ဖန်တီးပေးရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00) 2017-07-18 09:36:04

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗဟို ဘဏ္ဍာရေး ဦးဆောင်အဖွဲ့ ခေါင်းဆောင် ရှီကျင့်ဖိန်သည် ယခုလ ၁၇ ရက်နေ့ ညနေပိုင်းက ဗဟို ဘဏ္ဍာရေး ဦးဆောင်အဖွဲ့ ၁၆ ကြိမ်မြောက်အစည်းအဝေးကို ကြီးမှူး ကျင်းပပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ဈေးကွက် ပတ်ဝန်းကျင် ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ရေးနှင့် တံခါးဖွင့်ရေးလုပ်ငန်း အားဖြည့် ဆောင်ရွက်ရေး ကိစ္စများကို တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။ ရှီကျင့်ဖိန်သည် အစည်းအဝေး၌ မိန့်ခွန်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က၊ တရားမျှတပြီး ပွင့်လင်းသော၊ ကြိုတင်ခန့်မှန်းနိုင်သော ကူးသန်း ရောင်းဝယ်ရေး ပတ်ဝန်းကျင်ကို ဖန်တီးပေးရမည် ဖြစ်ကြောင်း၊ ပွင့်လင်းသော စီးပွါးရေး စနစ်သစ်ကို ပိုမို လျင်မြန်စွာ ထူထောင်ရမည် ဖြစ်ကြောင်း၊ တရုတ်ပြည် စီးပွါးရေး ဆက်တိုက် ပုံမှန် တိုးတက်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြား ပါသည်။

ယခုအကြိမ် အစည်းအဝေးတွင် တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနမှ တင်ပြသော ကုန်သွယ်ရေး ညီမျှမှု တွန်းအားပေးရေးနှင့် တရုတ်-အမေရိကန် အကြား ရင်းနှီးမြှုပ်နှံရေး ကိစ္စရပ်များ၊ တရုတ်ပြည်သူ့ဘဏ်မှ တင်ပြသော တရုတ်ယွမ်ငွေနှင့် နိုင်ငံခြားငွေ လဲလှယ်နှုန်း စနစ်နှင့် ငွေကြေးလုပ်ငန်း တံခါးဖွင့်မှု တိုးချဲ့ရေး အပါအဝင် ကိစ္စရပ်များကို ကြားနာပြီး တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။

တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်နှင့် ဒုဝန်ကြီးချုပ် ကျမ်းကောလိ တို့သည်လည်း အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။

   Webradio