• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျာကာတာ- ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း၏ ဝါလီနီ ဥမင် စတင် ဖေါက်လုပ်

(GMT+08:00) 2017-07-17 14:22:44

အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့မှ ဘန်ဒေါင်းမြို့အထိ မြန်နှုန်းမြင့် ရထားလမ်း၏ ဝါလီနီဥမင် ဖေါက်လုပ်ရေး လုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယခုလ ၁၅ ရက်နေ့က အနောက်ဂျာဗာပြည်နယ်၌ ကျင်းပခဲ့ကြောင်း၊ ယင်းသည် ဂျာကာတာ- ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း ဖေါက်လုပ်ရေး လုပ်ငန်းတွင် လိုရင်းသဘောဖြစ်သည့် တိုးတက်မှု ရရှိပြီဟု ပြဆိုနေကြောင်း တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာ၏ ဆောင်းပါးတွင် ရေးသား ဖေါ်ပြထားသည်။

တရုတ် မီးရထား ကုမ္ပဏီသည် ဂျာကာတာ- ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း ဖေါက်လုပ်ရေး လုပ်ငန်းကို တာဝန်ယူ လုပ်ဆောင်နေကြောင်း၊ ယင်းသည် အင်ဒိုနီးရှားနိုင်ငံသာမက အရှေ့တောင်အာရှ၌ ပထမဦးဆုံးသော မြန်နှုန်းမြင့်ရထားလမ်း ဖြစ်ကြောင်း၊ ဝါလီနီဥမင်၏ အရှည်သည် ၆၀၈ မီတာ ဖြစ်ပြီး တစ်နှစ်အတွင်း ပြီးမြောက်အောင် ဖေါက်လုပ်နိုင်မည်ဟု ခန့်မှန်းရကြောင်း သိရပါသည်။

ဂျာကာတာ- ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း စုစုပေါင်း ၁၄၂ ကီလိုမီတာ ရှည်လျားပြီး အမြင့််ဆုံးမြန်နှုန်းမှာ တစ်နာရီလျှင် ၃၅၀ ကီလိုမီတာ ဖြစ်ကြောင်း၊ ယင်းရထားကို လာမည့် သုံးနှစ်အတွင် ပြီးအောင် ဆောက်လုပ်ရန် စီစဉ် ထားကြောင်း သတင်းရရှိပါသည်။

   Webradio