• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ပင်လယ် ပြဿနာနှင့် ပတ်သက်၍ ဖိလစ်ပိုင် ကြေညာချက် ထုတ်ပြန်

(GMT+08:00) 2017-07-13 15:19:57

ယခုလ ၁၂ရက်နေ့က ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့ရာ တောင်ပင်လယ် အငြင်းပွားမှုကို အိမ်နီးချင်းကောင်း မိတ်ဆွေဖြစ် ဆက်ဆံရေးမူ အရ ဖြေရှင်းသင့်ကြောင်း ဖော်ပြခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရသည်။

၎င်းကြေညာချက်နှင့် ပတ်သက်၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထိုနေ့က တုန့်ပြန်ပြောကြားရာတွင် တရုတ်ပြည် အနေနှင့် သက်ဆိုင်ရာ နိုင်ငံများနှင့် တိုက်ရိုက် တိုင်ပင်ဆွေးနွေးခြင်းဖြင့် သက်ဆိုင်ရာ အငြင်းပွားမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် တလျှောက်လုံး ကြိုးပမ်းဆောင်ရွက်နေကြောင်း ဖော်ပြသည်။

ပညာရှင်များက ခြုံပြီးကြည့်မည်ဆိုလျှင် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ၄င်းထုတ်ပြန်ကြေညာချက်သည် အပြုသဘောဆောင်ပြီး လက်ရှိ တောင်ပင်လယ် အခြေအနေ စီမံထိန်းချုပ်ရေး အတွက် အကျိုးရှိကြောင်း ယူဆကြသည်။

 

   Webradio