• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လေယာဉ် ပျက်ကျမှုတွင် လူ ၅ဦး သေဆုံးဟု အင်ဒို အတည်ပြု

(GMT+08:00) 2017-07-07 15:00:00

၅ရက်နေ့က အင်ဒိုနီးရှား နိုင်ငံ အရှေ့ပိုင်း Papuaပြည်နယ်တွင် ဖြစ်ပွားခဲ့သော လေယာဉ် ပျက်ကျမှု၌ လေယာဉ်ပေါ် လူ၅ဦးစလုံး သေဆုံးခဲ့ရသည်ဟု အင်ဒို အစိုးရမှ ယခုလ ၆ရက်နေ့က အတည်ပြု ပြောကြားကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

 အင်ဒိုနီးရှား နိုင်ငံတော် ရှာဖွေကယ်ဆယ်ရေး စင်တာမှ ပြောရေးဆိုခွင့်ရှိသူ  Marsudiက ကယ်ဆယ်ရေး ဝန်ထမ်းများသည် ရဟတ်ယာဉ်ဖြင့် သေဆုံးသူများ၏ ရုပ်အလောင်းများကို လေယာဉ်ပျက်ကျရာ နေရာမှ ပို့ဆောင်ပေးခဲ့ကြောင်း ပြောကြားသည်။

၎င်းလေယာဉ်သည် အငယ်စား လေယာဉ်ဖြစ်ပြီး Papuaပြည်နယ် ချာယာဝီချာယာ ခရိုင်မှ အင်ဒူဂါခရိုင်သို့ ပျံသန်းရာ အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

   Webradio