• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆီးရီးယားအခြေအနေကို ကန်၏ တရားမဝင် ဝင်စွက်မှုကို ကာကွယ်ရန် အီရန်နှင့် ရုရှား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင်မည်

(GMT+08:00) 2017-07-05 12:54:51

        အီရန် အဆင့်အမြင့်ဆုံးလုံခြုံရေးကောင်စီ အတွင်းရေးမှူး ရှာမ်ကာနီနှင့် ရုရှား ပြည်ထောင်စု လုံခြုံရေးကောင်စီ အတွင်းရေးမှူး ပါတရူရှယ်ဗ်တို့က တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ အမေရိကန်နိုင်ငံက ဆီးရီးယားနိုင်ငံအား တရားမဝင် ဝင်ရောက်စွက်ဖက်မှု ကြိုတင်တားဆီးရန်အတွက် အီရန်-ရုရှား နှစ်ဖက်တို့သည် ဆီးရီးယား အခြေအနေနှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု အီရန်မယ်ဟ်သတင်းဌာနမှသတင်းကို ကိုးကား၍ စီအာအိုင်က ရေးသားဖော်ပြပါသည်။

        ထိုနေ့တွင် ပဉ္စမအကြိမ်မြောက် ဆီးရီးယားပြဿနာဆိုင်ရာ အာစတာနာငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲကို ကာဇာက်စတန်နိုင်ငံ၌ စတင်ကျင်းပခဲ့ရာ ရုရှားနှင့် အီရန်နိုင်ငံတို့သည် ဆီးရီးယား အပစ်အခတ်ရပ်စဲရေး အာမခံနိုင်ငံအဖြစ် ယင်းစေ့စပ်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။

   Webradio