• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့်ရုရှား ထိပ်သီးခေါင်းဆောင် ယခုနှစ် တတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

(GMT+08:00) 2017-07-05 09:16:31

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၄ ရက်နေ့က မော်စကိုမြို့၌ ရုရှား သမ္မတ ပူတင်နှင့် ယခုနှစ်အတွင်း တတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပ ခဲ့သည်။ နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် တရုတ်-ရုရှား ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု နက်ရှိုင်းလာအောင် လက်တွဲ ကြိုးပမ်းမည်ဟု တညီတညွတ်တည်း သဘောတူကြပါသည်။

ထို့သို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က၊ တရုတ်နှင့် ရုရှားတို့သည် နိုင်ငံရေးနှင့် မဟာဗျူဟာ အပြန်အလှန် ယုံကြည်မှု နက်ရှိုင်းလာအောင် ဆောင်ရွက်ရမည် ဖြစ်ပြီး အပြန်အလှန် ထောက်ခံမှုကို အားဖြည့်ရမည် ဖြစ်ကြောင်း၊ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးပြီး လူမှုရေးနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်မှုကို တိုးချဲ့ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ပူတင်က၊ အဆင့်မြင့် အပြန်အလှန် ယုံကြည်မှုနှင့် ပြည့်စုံ ကောင်းမွန်သော ပူးပေါင်း ဆောင်ရွက်ရေးနစ် ပိုင်ရှိခြင်းသည် နှစ်နိုင်ငံ ဆက်ဆံမှုဆိုင်ရာ ကြီးမားသော အားသာချက်ပင် ဖြစ်ကြောင်း၊ တရုတ်ပြည်နှင့် အလွှာပေါင်းစုံ ကဏ္ဍ ပေါင်းစုံ၌ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်လိုကြောင်း ပြောကြားပါသည်။

တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် နှစ်ဦးနှစ်ဖက်တို့သည် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု တဆင့်တိုး နက်ရှိင်းစေရေး ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။

   Webradio