• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ကွန်မြူနစ်ပါတီ၏ စီမံအုပ်ချုပ်ရေး ခံယူချက်နှင့် စီမံအုပ်ချုပ်နိုင်စွမ်းကို မြန်မာ နိုင်ငံရေး ပါတီ တာဝန်အဆင့်ရှိသူများ လွန်စွာ ချီးကျူး

(GMT+08:00) 2017-07-04 16:42:27

ယခုနှစ် ဇူလိုင်လ ၁ရက်နေ့သည် တရုတ် ကွန်မြူနစ်ပါတီ တည်ထောင်ခဲ့သည့် ၉၆နှစ် ပြည့်မြောက်နှစ် အထိမ်းအမှတ်နေ့ ဖြစ်သည်။ လာအိုနှင့် မြန်မာ နိုင်ငံရေး ပါတီများမှ တာဝန်ခံအဆင့်ရှိသူများက ဆင်ဟွာ သတင်းထောက်နှင့် တွေ့ဆုံရာ တရုတ် ကွန်မြူနစ်ပါတီ၏ စီမံအုပ်ချုပ်ရေး ခံယူချက်ကို လွန်စွာ ချီးကျူးကြောင်း၊ တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများသည် တရုတ် ကွန်မြူနစ်ပါတီ အနေနှင့် ခိုင်မာသော စီမံအုပ်ချုပ်ရေး အခြေခံ အုတ်မြစ်နှင့် ကြီးမားတောင့်တင်းသော နိုင်ငံတော် စီမံအုပ်ချုပ် နိုင်စွမ်းရှိခြင်းကို သက်သေပြနေသည်ဟု ယူဆကြကြောင်း ပြောကြားသည်။

မြန်မာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူးချုပ် ဦးဝင်းထိန်က တရုတ် ကွန်မြူနစ်ပါတီ အောင်မြင်မှုများ ရရှိသည့် အကြောင်းရင်းမှာ ပြည်သူများ အတွက်သာ ဖြစ်ကြောင်းနှင့် ပြည်သူများ အပေါ်သာ မှီခိုအားထားခြင်းကြောင့် ဖြစ်ကြောင်း၊ တော်လှန်ရေး အချိန်ကာလတွင်ရော၊ နိုင်ငံတော် ထူထောင်ရေး အချိန်ကာလတွင်ပါ တရုတ် ကွန်မြူနစ် ပါတီ၏ ဦးဆောင်မှုကို တရုတ်ပြည်သူများမှ လှိုက်လှိုက်လှဲလှဲ ထောက်ခံမှု ရရှိကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ၏ နိုင်ငံတော်ကို စီမံအုပ်ချုပ်ရေး ဆိုင်ရာ အရေးကြီး အတွေ့အကြုံ များကို နိုင်ငံ အသီးသီးမှ နိုင်ငံရေး ပါတီများ လေးနက်စွာ နည်းယူလေ့လာထိုက်ကြောင်း ပြောကြားသည်။

   Webradio