• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ သော့ချက်ကျသော ရွေးကောက်ပွဲတွင် ရှုံးနိမ့်

(GMT+08:00) 2017-07-04 16:41:53

ဂျပန် နိုင်ငံ တိုကျိုမြို့ လွှတ်တော် ရွေးကောက်ပွဲ ရလဒ်ကို ယခုလ ၃ရက်နေ့ လင်းအားကြီးအချိန်တွင် ထုတ်ပြန်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီသည် အရေးနိမ့်သွားပြီး ရရှိသော အမတ်နေရာ အရေအတွက် သမိုင်းကြောင်းတွင် အနည်းဆုံး ဖြစ်ကြောင်း၊ ယင်းသည် ၂၀၁၂ခုနှစ်က ရှင်ဇိုအာဘေး အစိုးရ အာဏာ ကျင့်သုံးခဲ့သည့် နောက်ပိုင်းတွင် လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ အနေနှင့် အရေးကြီး ရွေးကောက်ပွဲတွင် ပထမဆုံး အကြိမ် ရှုံးနိမ်းသွားခြင်း ဖြစ်ကြောင်း၊ ၄င်းရွေးကောက်ပွဲ ရလဒ်သည် ဂျပန်၏ နိုင်ငံရေး စည်းစနစ် ချောင်လည်လာခြင်းကို ပြဆိုနေကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ တာဝန် ဆက်လက် ထမ်းဆောင်နိုင်အောင် အရွေးခံရန်၊ ဂျပန် ပြည်တွင်းပြည်ပ မူဝါဒ ချမှတ်ရေး ဦးတည်ချက် အပါအဝင် အနာဂတ်တွင် ရှင်ဇိုအာဘေးက ဆောင်ရွက်မည့် အစီအစဉ်များကို နက်ရှိုင်းစွာ ဂယက်ရိုက်ခတ်နိုင်ဖွယ်ရာ ရှိကြောင်းလည်း အကဲခတ် ပုဂ္ဂိုလ်များက ယူဆကြသည်။

တိုကျိုမြို့ လွှတ်တော် ရွေးကောက်ပွဲသည် ဂျပန် နိုင်ငံတွင် အရေးအကြီးဆုံး ဒေသန္တရ ရွေးကောက်ပွဲ ဖြစ်ကြောင်း၊ ယခုအကြိမ် တိုကျိုမြို့ လွှတ်တော် ရွေးကောက်ပွဲမှ အမတ်နေရာ ၁၂၇နေရာ အနက် တိုကျိုမြို့တော်ဝန် Yuriko Koike တည်ထောင်ထားသည့် ပါတီသည် အမတ်နေရာ ၅၅နေရာ ရရှိပြီး တိုကျိုမြို့ လွှတ်တော်တွင် အကြီးဆုံး နိုင်ငံရေး ပါတီ ဖြစ်လာကြောင်း၊ ယခုအကြိမ် ရွေးကောက်ပွဲ မကျင်းပခင်က လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ တိုကျိုမြို့ လွှတ်တော်တွင် အမတ်နေရာ ၅၇နေရာ ရှိကြောင်း၊ သမိုင်းကြောင်းတွင် အနည်းဆုံး ၃၈နေရာ ရှိကြောင်း၊ ယခုအကြိမ် ရွေးကောက်ပွဲ ကျင်းပပြီးတော့ အမတ်နေရာ ၂၃နေရာသာ ရရှိကြောင်း သိရသည်။

၂၀၁၂ခုနှစ်က အာဏာကျင့်သုံးခဲ့သည့် နောက်ပိုင်းတွင် လစ်ဘရယ် ဒီမိုကရက်တစ် ပါတီသည် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ရွေးကောက်ပွဲ အပါအဝင် အရေးကြီး ရွေးကောက်ပွဲများတွင် အကြိမ်ကြိမ် အနိုင်ရရှိခဲ့သော်လည်း ရှင်ဇိုအာဘေး အစိုးရသည် အစိုးရ လုပ်ကိုင်ဆောင်ရွက်ရေး၊ အရေးကြီး မူဝါဒ ချမှတ်ရေးနှင့် ဝန်ထမ်းခန့်အပ်ရေး စသည့် နယ်ပယ်များမှ ဆောင်ရွက်မှုများသည် ပြည်သူများ၏ လိုအင်ဆန္ဒနှင့် မကိုက်ညီကြောင်း၊ တိုကျိုမြို့ မဲဆန္ဒနယ်တွင် မဲဆန္ဒရှင် စုစုပေါင်း ဆယ်သန်းကျော် ရှိကြောင်း၊ ယခုအကြိမ် ရွေးကောက်ပွဲ၏ ရလဒ်အရ ၄င်းတို့သည် ရှင်ဇိုအာဘေး အာဏာပိုင် အပေါ် ယုံကြည်မှု ဆုံးရှုံးလာခြင်းကို ဖော်ပြနေကြောင်း သိရသည်။

   Webradio