• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံ

(GMT+08:00) 2017-07-01 08:49:33

တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းက ပီကင်း ကျုံးနန်ဟိုင်၌ တရုတ်ပြည်တွင် တရားဝင် ခရီးလှည့်လည်နေသော ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး ကာယေတာနိုနှင့် တွေ့ဆုံခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

လီခေ့ချန်က၊ တရုတ်နှင့် ဖိလစ်ပိုင်တို့၏ တူညီသော အကျိုးစီးပွါးသည် သဘောကွဲလွဲမှုထက် များစွာ ပိုများပါကြောင်း၊ နှစ်ဖက်ဆက်ဆံမှုသည် အိမ်နီးချင်းကောင်း ချစ်ကြည်ရေး ဆက်ဆံမှု တိုးတက်ရေး လမ်းကြောင်းသို့ ပြန်လည် ဝင်ရောက်ခြင်းသည် နှစ်နိုင်ငံ၏ အရင်းခံ အကျိုးစီးပွါးနှင့် ကိုက်ညီ ရုံသာမက ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှု အတွက်လည်း အကျိုးရှိမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio