• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဟောင်ကောင် ရှေးဟောင်းနန်းတော် ယဉ်ကျေးမှုပြတိုက် တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ချုပ်ဆိုပွဲသို့ ရှီကျင့်ဖိန်တက်ရောက်

(GMT+08:00) 2017-06-30 10:08:43

        တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ယခုလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ဟောင်ကောင် အနောက်ပိုင်း အမှတ်၉ ယဉ်ကျေးမှုရပ်ကွက်၌ ဟောင်ကောင် ရှေးဟောင်းနန်းတော် ယဉ်ကျေးမှုပြတိုက် တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ချုပ်ဆိုပွဲသို့ တက်ရောက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ဥက္ကဌရှီကျင့်ဖိန်နှင့် လိုက်ပါသွားသော ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး လျန်ကျန့်ယဉ်၊ အရွေးခံ အုပ်ချုပ်ရေးမှူး ကယ်ရီ-လမ်ချမ်ယွက်ငေါ်တို့ရဲ့ ရှေ့တွင် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အစိုးရ စီမံအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ချုပ် ၊ ဟောင်ကောင် အနောက်ပိုင်း အမှတ်၉ ယဉ်ကျေးမှုရပ်ကွက် စီမံခန့်ခွဲရေးဌာန ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ ကျန်းကျန့်ကျွန်းနှင့် ပီကင်းရှေးဟောင်းနန်းတော် ဥက္ကဋ္ဌ ရှန့်ချီရှန်တို့သည် ဟောင်ကောင် ရှေးဟောင်းနန်းတော် ယဉ်ကျေးမှုပြတိုက် တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့သည်။

   Webradio