• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တတိယအကြိမ် မဲခေါင်မြစ်ဝှမ်းနိုင်ငံအရာရှိများကိုယ်စားလှယ်အဖွဲ့သည် ပီကင်းမြို့သို့ခရီးလှည့်လည်

(GMT+08:00) 2017-06-29 14:43:50

တရုတ်-အာဆီယံစင်တာ၏ ဖိတ်ကြားချက်အရ  တရုတ်ပြည်တွင် အလည်အပတ်ရောက်ရှိနေသော တတိယအကြိမ် မဲခေါင်မြစ်ဝှမ်းနိုင်ငံများမှ အရာရှိကိုယ်စားလှယ်အဖွဲ့သည် ယခုလ၂၆ရက်နေ့မှ ၂၇ရက်နေ့အထိ ပီကင်းမြို့တွင် ခရီးလှည့်လည်ခဲ့ကြောင်း၊ ယခုအကြိမ်ပီကင်းခရီစဉ်အတောအတွင်း မဲခေါင်မြစ်ဝှမ်းနိုင်ငံ အရာရှိများ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်-အာဆီယံပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုစင်တာ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌါန၏ လန်ချန်း-မဲခေါင်မြစ်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာတရုတ်အတွင်းရေးမှူးရုံး၊ တရုတ် နိုင်ငံတကာဆင်းရဲမှု ပပျောက်စေရေးစင်တာ၊ တရုတ်-အာဆီယံစင်တာနှင့် နွေရာသီနန်းတော်သို့ ခရီးလှည့်လည်ခဲ့ကြကြောင်း တရုတ်-အာဆီယံစင်တာဝက်ဘ်ဆိုက်မှ သတင်းအရ သိရပါသည်။

   Webradio