• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နွေရာသီဒါဗို့စ်ဖိုရမ် ပြင်ဆင်ရေးလုပ်ငန်း အဆင်သင့်ဖြစ်နေပြီ

(GMT+08:00) 2017-06-27 12:09:12

        ယခုလ ၂၇ ရက်နေ့တွင် ၂၀၁၇ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ် ခေါင်းဆောင်သစ်များ နှစ်ပတ်လည်အစည်းအဝေး၊ နွေရာသီဒါဗို့စ်ဖိုရမ်ကို တရုတ် တာ့လျန်မြို့၌ ကျင်းပပါသည်။ ၈ လကျော်ကြာ ပြင်ဆင်ခဲ့ပြီးနောက် သက်ဆိုင်ရာ ပြင်ဆင်ရေးလုပ်ငန်း အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ၂၀၀၇ခုနှစ်က နွေရာသီ ဒါဗို့စ်ဖိုရမ်ကို တာ့လျန်မြို့၌ စတင်ကျင်းပခဲ့ကြောင်း၊ ယခုအကြိမ်ဖိုရမ်၏ ဆောင်ပုဒ်မှာ စတုတ္ထအကြိမ် စက်မှုလုပ်ငန်း တော်လှန်ရေးတွင် သက်ညှာထောက်ထားစွာ ဖွံ့ဖြိုးတိုးတက်မှုဖြစ်ကြောင်း၊ နိုင်ငံနှင့်ဒေသ ၈၀ ကျော်မှ ဧည့်သည် ၂၀၀၀ကျော်တို့သည် ဖိုရမ်သို့ တက်ရောက်ပြီး ဆန်းသစ်တီထွင်ပြီး သက်ညှာထောက်ထားသော တိုးတက်မှုကို တွန်းပေးရေးနှင့်ပတ်သက်ပြီး ဆွေးနွေးကာ ကမ္ဘာ့စီးပွားရေး ညီမျှမှုနှင့် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြံကောင်းများ ပေးကြမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

   Webradio