• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စီချွမ်းမြေပြိုမှုကြောင့် နစ်မြုပ်သွားသူများ ကုလအတွင်းရေးမှူးချုပ် နှစ်သိမ့်အားပေး

(GMT+08:00) 2017-06-25 16:24:09

     တရုတ်ပြည်စီချွမ်ပြည်နယ်မောက်-ခရိုင်၌ ဖြစ်ပွားခဲ့သည့် မြေပြိုမှုကြောင့် ဒေသခံ အမြောက်အများနစ်မြုပ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတယ်ရက်စ် သည်၊ ယခခုလ ၂၄ ရက်နေ့က ၄င်း၏ ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ၊ တရုတ်ပြည်သူများနှင့် တရုတ်အစိုးရအားနှစ်သိမ့်အားပေးကြောင်း၊ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများအပေါ် ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

   ၂၄ ရက်နေ့က တရုတ်ပြည်စီချွမ်ပြည်နယ်မောက်-ခရိုင်၌ မြေပြိုမှုကြီးဖြစ်ပွားခဲ့သော ကြောင့်၊ လူ ၁၂၀ ကျော်ကို နစ်မြုပ်သွားခဲ့သည်ဟုသိရသည်။

   Webradio