• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဟောင်ကောင် အမိနိုင်ငံ ရင်ခွင်သို့ ပြန်လည်ဝင်ရောက်ခဲ့ခြင်း နှစ် ၂၀ ပြည့်မြောက်ပြီ

(GMT+08:00) 2017-06-23 09:22:22

၁၉၉၇ ခုနှစ် ဇွန်လ ၁ ရက်နေ့က တရုတ် ဗဟိုအစိုးရသည် ဟောင်ကောင် အချုပ်အခြာ အာဏာပိုင်ခွင့်ကို ပြန်လည် ကျင့်သုံးခဲ့ပြီး ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ တည်ထောင်ခဲ့သည်။

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ပထမမြောက် အုပ်ချုပ်ရေးမှူး တုန်ကျန့်ဟွာက၊ ဟောင်ကောင်သူ ဟောင်ကောင်သားများ၏ နေထိုင်မှုဘဝ အကျင့်ဓလေ့များ ပြောင်းလဲမှုမရှိသလောက် ဖြစ်နေကြောင်း၊ ဟောင်ကောင်သူ ဟောင်ကောင်သားများသည် အမိနိုင်ငံ အကြောင်းကို စတင် လေ့လာ သိရှိလာပြီ ဖြစ်ကြောင်း၊ လူမှုရေးနှင့် စီးပွါးရေး ကူးလူးဆက်ဆံမှု တိုးများလာကြောင်း၊ အရင်တုန်းက ဟောင်ကောင်သည် အမေရိကန်၊ ဥရောပများနှင့် ကုန်သွယ်မှု များပြားပြီး ယခုအချန်ကတော့ ပြည်မကြီးကို ပိုမို အားကိုးလာနေကြောင်း ပြောကြားပါသည်။

ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသအစိုးရ ဘဏ္ဍာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ချင်မောင်ပိုက၊ ၂၀၁၆ ခုနှစ်တွင် ဟောင်ကောင်၏ ဂျီဒီပီသည် ဟောင်ကောင်ဒေါ်လာ ဘီလီယံ၂၅၀၀ ရှိပြီ ၁၉၉၇ ခုနှစ်ကထက် ၆၀ ရာခိုင်နှုန်းခန့် တိုးလာကြောင်း၊ ဘဏ္ဍာရေး အရန်ငွေကြေးပမာဏမှာ ဘီလီယံ ၁၀၀၀ ခန့် ရှိပြီး ၁၉၉၇ ခုနှစ်ကထက် ၁့  ၅ ဆ တိုးလာကြောင်း ပြောကြားပါသည်။

   Webradio