• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကိုးရီးယားကျွန်းဆွယ်ပြဿနာ ဖြေရှင်းရန် တရုတ်နိုင်ငံ ဇွဲရှိရှိဖြင့် ကြိုးပမ်းနေ

(GMT+08:00) 2017-06-22 08:43:24
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ တရုတ်နိုင်ငံသည် ကိုးရီးယားကျွန်းဆွယ် နျူကလီးယား ပြဿနာကို ဖြေရှင်းရန်အတွက် တလျှောက်လုံး ဇွဲရှိရှိဖြင့် ကြိုးပမ်းနေခဲ့ပြီး တလျှောက်လုံးဆိုသလို အပြုသဘောဆောင်သော အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ အကျိုးပြု စွမ်းဆောင်မှုသည် အလွန် ထင်ရှားမြင်သာကြောင်း၊ တရုတ်နိုင်ငံ၏ အကျိုး သက်ရောက်မှုသည် မရှိမဖြစ် လိုအပ်သည် ဖြစ်ကြောင်း ယခုလ ၂၁ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။  
   Webradio