• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မာလီ၌ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှု ဂူတယ်ရက်စ်ပြစ်တင်ရှုတ်ချ

(GMT+08:00) 2017-06-21 12:52:16

      ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတယ်ရက်စ်သည်၊ ယခုလ ၂၀ ရက်နေ့က ၄င်း၏ ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာ၊ ယခုလ ၁၈ ရက်နေ့က မာလီနိုင်ငံ ဘာမာကိုမြို့တော်၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ပြစ်တင် ရှုတ်ချခဲ့ကြောင်း စီအာအိုင်သတင်းအရသိရသည်။

မာလီနိုင်ငံ လုံခြုံရေးနှင့် ပြည်သူ့ကာကွယ်ရေးဝန်ကြီး Salif Traore က၊ ၁၈ရက်နေ့ ညနေပိုင်းက မာလီနိုင်ငံ ဘာမာကိုမြို့တော် အရှေ့ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမား၎ ဦး အပါအဝင် လူ ၉ ဦးသေဆုံးခဲ့ ကြောင်းအတည်ပြုခဲ့သည်ဟု သတင်းအရသိရသည်။

 

   Webradio