• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင်-အမေရိကန် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု လက်ရှိ အခြေအနေ အတိုင်း ထိန်းသိမ်းသင့်ဟု ဖိလစ်ပိုင် ဆို

(GMT+08:00) 2017-06-21 09:46:00

ဖိလစ်ပိုင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူက၊ ဖိလစ်ပိုင် စစ်ဘက်သည် မော်တေ အဖွဲ့ အပါအဝင် အတိုက်အခံ လက်နက်ကိုင်အဖွဲ့များကို တိုက်ခိုက် နိုင်စွမ်း ရှိကြောင်း၊ ဖိလစ်ပိုင်- အမေရိကန် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကို လက်ရှိ အခြေအနေ အတိုင်း ထိန်းသိမ်း ထားသင့်ကြောင်း ယခုလ ၂၀ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး မာတစ္စသည် အမေရိကန်တပ်ဖွဲ့က ဖိလစ်ပိုင် တောင်ပိုင်း စစ်ရေးဆောင်ရွက်မှု ပါဝင်ရေးအကြောင်းကို လွှတ်တော်အား ရှင်းလင်း ပြောကြားရာတွင် လွှတ်တော်အမတ်အချို့က အမေရိကန် တပ်ဖွဲ့သည် ဖိလစ်ပိုင် တောင်ပိုင်း၌ တပ်အင်အား တိုးဖြည့်သင့်သည်ဟု တင်ပြခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio