|
||||||||
|
|||||||||||||
ဒေသစံတော်ချိန်ယခုလ၁၉ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်းပါတာနီပြည်နယ်တွင် စစ်ဘက်ကိုရည်စူးသောဗုံးဖောက်ခွဲမှုဖြစ်ပွား၍ စစ်မှုထမ်း၆ယောက်သေဆုံးပြီး ၃ယောက်ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။
ပါတာနီ၊ နာရာသီဝတ်နှင့်ယာလာပြည်နယ်များသည် ထိုင်းနိုင်ငံ၏ တောင်ဖက်စွန်း ပြည်နယ်၃ပြည်နယ်ဖြစ်ပါသည်။ ၂၀၀၄ခုနှစ် ကစပြီး အဆိုပါပြည်နယ်၃ပြည်နယ်၏ သွေးခွဲရေးသမားများသည် ဗုံးဖေါက်ခွဲမှုများကို အဆက်မပြတ်ပြုလုပ်ခဲ့သောကြောင့် လက်ရှိအချိန်အထိ လူ၆၈၀၀ထက်မနည်း သေဆုံးခဲ့ပြီဖြစ်ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။
|