• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အခြေခံဥပဒေသည် ဟောင်ကောင်၏ ဖွံ့ဖြိုးရေး အတွက် အာမခံပေးနေ

(GMT+08:00) 2017-06-19 10:07:02

ဟောင်ကောင်သည် အမိနိုင်ငံ ရင်ခွင်သို့ ပြန်လည် ဝင်ရောက်ခဲ့ခြင်းသည် နှစ် ၂၀ ပြည့်မြောက်ပြီ။ ဟောင်ကောင်၏ စည်ပင်သာယာရေးနှင့် တည်ငြိမ်ရေးကို အာမခံပေးသည့် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အခြေခံဥပဒေ ကျင့်သုံးခဲ့ခြင်းသည်လည်း နှစ် ၂၀ ကြာမြင့်ပြီ။

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၊ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အခြေခံဥပဒေ ကော်မတီဝင် မဒမ် ထမ်ဟွေ့ကျူးသည် အခြေခံဥပဒေ ရေးဆွဲရေးကော်မတီဝင် အဖြစ်ဖြင့် အခြေခံဥပဒေ ရေးဆွဲ ချမှတ်ရေးတွင် ပါဝင်ဆင်နွှဲဖူးသူ ဖြစ်သည်။ ထမ်ဟွေ့ကျူးက၊ တရုတ် ဗဟိုအစိုးရ၏ ဟောင်ကောင်ဆိုင်ရာ မူဝါဒသည် လွန်စွာ ချောင်လည်ပြီး ဟောင်ကောင်အား လွန်စွာ ကြီးမားသည့် ကမ္ဘာပေါ်တွင် ရှာမှ ရှားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပေးအပ်ကြောင်း၊ ရည်ရွယ်ချက်မှာ တိုင်းပြည် တစ်ပြည် စံနစ် နှစ်မျိုးမူဝါဒကို ချောမောစွာ အကောင်အထည်ဖေါ်ဆောင်စေရန်နှင့် ဟောင်ကောင်၏ စည်ပင်သာယာရေးနှင့် တည်ငြိမ်ရေး ဖေါ်ဆောင်စေရန် ဖြစ်ကြောင်း ပြောကြားပါသည်။

မဒမ် ထမ်ဟွေ့ကျူးက၊ ဟောင်ကောင်သည် ၂၃ နှစ် ဆက်တိုက် ကမ္ဘာပေါ်တွင် စီးပွါးရေးအုပ်စုများ လွတ်လပ်မှု အရှိဆုံးသော နေရာ အဖြစ် အရွေးခံခဲ့ရကြောင်း၊ ဟောင်ကောင်၏ တရားဥပဒေ သီးခြားတည်ရှိရေးသည် ကမ္ဘာ့ စတုတ္ထ နေရာနှင့် အာရှ ပထမ နေရာ၌ ရှိနေကြောင်း၊ ဟောင်ကောင်သည် ကမ္ဘာ့ တတိယ အကြီးဆုံးနှင့် အာရှ အကြီးဆုံး  အနုညာတ စင်တာ ဖြစ်ကြောင်း၊ အခြေခံဥပဒေသည် ဟောင်ကောင်၏ စည်ပင်သာယာရေးကို များစွာ အာမခံပေးနေကြောင်း ပြောကြားခဲ့ပါသည်။

   Webradio