• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ BRICS နိုင်ငံများ အားကစားပွဲတော် ကွမ်ကျိုးမြို့၌ ကျင်းပ

(GMT+08:00) 2017-06-18 08:34:25

၂၀၁၇ ခုနှစ် BRICS နိုင်ငံများ အားကစားပွဲတော်ကို ယခုလ ၁၇ ရက်နေ့ညက တရုတ်ပြည် ကွမ်ကျိုးမြို့၌ စတင် ကျင်းပခဲ့ကြောင်း၊ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အားကစားပွဲတော်သို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ပြီး နိုင်ငံအသီးသီးမှ ဧည့်သည်တော်များ၊ အားကစားမောင်မယ်များနှင့် နည်းပြဆရာများအား လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။  

 ၂၀၁၇ BRICS နိုင်ငံများ အားကစားပွဲတော်ကို ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တောင်အာဖရိကနှင့် တရုတ်နိုင်ငံမှ အားကစားမောင်မယ် ၃၀၀ ခန့်တို့ ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရပါသည်။

   Webradio