• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နဝမ အကြိမ်မြောက် ထိုင်ဝမ် ရေလက်ကြားနှစ်ဖက်ကမ်း ဖိုရမ် အဆင်သင့်ဖြစ်နေ

(GMT+08:00) 2017-06-17 09:15:20

နဝမ အကြိမ်မြောက် ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်းဖိုရမ်ကို ယခုလ ၁၇ ရက်နေ့တွင် တရုတ်ပြည် ဖူကျဲန့်ပြည်နယ် ရှာ့မင်မြို့၌ ကျင်းပမည် ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် အစည်းအဝေး လှုပ်ရှားမှုများ၊ လူငယ်များ အမြင်ချင်း ကူးလူးဖလှယ်ရေး၊ စီးပွါး ကုန်သွယ်မှု ကူးလူးဖလှယ်ရေး အပါအဝင် နယ်ပယ် လေးခုမှ လှုပ်ရှားမှု ၂၁ ရပ်နှင့် တပြိုင်တည်း ကျင်းပမည့် လှုပ်ရှားမှု ၁၅ ရပ် ဆိုင်ရာ ပြင်ဆင်မှုလုပ်ငန်းများ အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ယခုအကြိမ်ဖိုရမ်ကို သီတင်းပတ် တစ်ပတ်ကြာ ကျင်းပမည် ဖြစ်ပြီး နှစ်ဖက်ကမ်းမှ ဌာန ၈၀ ခုတို့ ပူးတွဲ ဦးစီး ပြုလုပ်မည် ဖြစ်ကြောင်း သိရပါသည်။

   Webradio