• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အမေရိကန် အဆင့်မြင့် စီးပွားကုန်သွယ်ရေး နှီးနှောဖလှယ်ပွဲ ကျင်းပ

(GMT+08:00) 2017-06-15 17:26:33

တရုတ်ပြည် နိုင်ငံတကာ စီးပွားရေး ကူးလူးဖလှယ်မှု စင်တာနှင့် အမေရိကန် နိုင်ငံ အာရှ အသင်းတို့ အတူ ကျင်းပသော တရုတ်- အမေရိကန် အဆင့်မြင့် စီးပွားကုန်သွယ်ရေး နှီးနှောဖလှယ်ပွဲကို ယခုလ ၁၄ရက်နေ့က နယူးယောက်မြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဒုဥက္ကဋ္ဌ တုန်ကျန့်ဟွာ၊ တရုတ်ပြည်သူ့ တက္ကသိုလ် မီဒီယာ အကယ်ဒမီ ဥက္ကဋ္ဌ၊ တရုတ် နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံး ဥက္ကဋ္ဌဟောင်း ကျောက်ချီကျင့်၊ အမေရိကန် နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ဆွေထျန်းခိုင်၊ အမေရိကန် နိုင်ငံ အာရှ အသင်း မူဝါဒ လေ့လာရေး အကယ်ဒမီ ဥက္ကဋ္ဌ၊ သြစတြေးလျ နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Kevin Rudd၊ နယူးယောက်မြို့တော်ဝန်ဟောင်း Michael Bloomberg အပါအဝင် နိုင်ငံရေး နယ်ပယ်က အရှိန်အဝါကြီးသူ၊ ကုမ္ပဏီများမှ ကိုယ်စားလှယ်နှင့် ပညာရှင်များသည် ယခုအကြိမ် နှီးနှော ဖလှယ်ပွဲသို့ တက်ရောက်ကြကြောင်း၊ တက်ရောက်သူများက တရုတ်နှင့် အမေရိကန်တို့ ပူးပေါင်းပြီး စီးပွားကုန်သွယ်ရေး နယ်ပယ်တွင် လုပ်ကိုင်ဆောင်ရွက်စရာ များစွာ ရှိသည်ဟု ယူဆကြကြောင်း ပြောကြားသည်။

၎င်းနှီးနှောဖလှယ်ပွဲတွင် သံအမတ်ကြီး ဆွေထျန်းခိုင်က တရုတ်နှင့် အမေရိကန်တို့ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်မှသာ နှစ်ဖက်စလုံး အတွက် အကျိုးရရှိစေနိုင်မည့်အပြင်၊ ကမ္ဘာ့ အတွက် အကျိုးရှိမည်လည်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံတို့ အနေနှင့် တာဝန်သိစိတ်ကို စွဲကိုင်ပြီး ညှိနှိုင်းဆွေးနွေးခြင်းဖြင့် စီးပွားကုန်သွယ်ရေး အထစ်အငေါ့များကို ကောင်းမွန်သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းရန် လိုကြောင်း၊ နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် ရှေ့အလားအလာ များစွာ ရှိကြောင်း ပြောကြားသည်။

   Webradio