• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်၊ မလေးရှား၊ အင်ဒိုအကောက်ခွန်ရုံးတို့ နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုအဖွဲ့တစ်ခု ဖျက်ဆီးခဲ့ရ

(GMT+08:00) 2017-06-13 15:51:11

    တရုတ်ပြည်ကွမ်ကျိုးအကောက်ခွန်ရုံးသည် မကြာခင်ရက်များက မလေးရှားနှင့် အင်ဒိုနီးရှားအကောက်ခွန်ရုံးတို့နှင့်အတူ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုကို လက်တွဲပြုလုပ်ပြီး နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှု ပြစ်မှုကျူးလွန်မှု ၄ ရပ်ကို အောင်မြင်စွာ ဖော်ထုတ်ပြီး အနောက်အာဖရိက ပြစ်မှုကျူးလွန်မှု အဖွဲ့တစ်ခုကို ကို ဖျက်ဆီးကာ အိုက်စ် ၉၆ကီလိုဂရမ်ခန့်နှင့် မသင်္ကာသူ ၁၆ ယောက်ကို ဖမ်းဆီးရမိခဲ့ကြောင်း တရုတ်ပြည်ကွမ်ကျိုးအကောက်ခွန်ရုံးက ယမန်နေ့ ၁၂ ရက်နေ့မှ ထုတ်ပြန်သည်ဟု တရုတ်သတင်းဌာနက ရေးသားဖော်ပြပါသည်။

   Webradio