• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လျူယွင်ဆန်းသည်၊ ဖိလစ်ပိုင်၊ လာအိုနှင့် ကမ္ဘောဒီးယားမှ နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံ

(GMT+08:00) 2017-06-12 15:06:18

      တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့အမြဲတမ်း အဖွဲ့ဝင်၊ ဗဟိုအတွင်းရေးမှူးရုံးအတွင်းရေးမှူး လျူယွင်ဆန်းသည်၊ ယခုလ ၁၁ ရက်နေ့က ဖူကျိုးမြို့တွင် BRICS နိုင်ငံများ နိုင်ငံရေးပါတီ၊ တတ်သိပညာရှင်များ အဖွဲ့နှင့် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အဝည်းများဖိုရမ်သို့ တက်ရောက် လျက်ရှိသည့် ဖိလစ်ပိုင်၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် အသီးသီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရသိရသည်။

 ဖိလစ်ပိုင် ဒီမိုကရက်တစ် ပြည်သူ့အင်အားပါတီ ဥက္ကဋ္ဌ Aquilino Pimentel နှင့် တွေ့ဆုံခဲ့ရာ၌၊ လျူယွင်ဆန်းက၊ ဥက္ကဋ္ဌရှီကျင့်ဖိန်နှင့် သမ္မတ ဒူတာတေးတို့မှ အလေးထားမှုနှင့် တွန်းအားပေးမှုဖြင့်၊ တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှုသည်၊ ကောင်းမွန်စွာ တိုးတက်လာနေကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio