• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်နှင့်တတ်ဂျစ်ကစ္စတန်သမ္မတ လာဟ်မွနတွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2017-06-09 17:00:35

ယခုလ၉ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် အာစတာနာမြို့၌ တာဂျစ်ကစ္စတန်သမ္မတ လာဟ်မွန်နှင့်တွေ့ဆုံနှုတ်ဆက်ခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ဥက္ကဋ္ဌရှီကျင့်ဖိန်က တရုတ်နှင့့််တတ်ဂျစ်ကစ္စတန်နိုင်ငံသည် ချစ်ခင်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံနှင့် အပြန်အလှန်ယုံကြည်မှုမြင့်မားစွာ ထားရှိသော မဟာဗျူဟာမိတ်ဖက်ဖြစ်ကြောင်း၊ နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များ၏ကူးလူးဖလှယ်မှုသည် နွေးထွေးကြောင်း၊ စီးပွားကုန်သွယ်ရေး လယ်ယာစိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံတည်ဆောက်ရေး၊ စွမ်းအင်နှင့် လုံခြုံရေးစသောနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုအကျိုးရလဒ် အမြောက်အများရရှိပြီး ကုလသမဂ္ဂနှင့်ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ မူဘောင်အတွင်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း၊ လက်ရှိအချိန်တွင် တရုတ်-့်တတ်ဂျစ်ကစ္စတန်Belt and Roadပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွင် အရေးကြီးသော အောင်မြင်မှုရရှိခဲ့ပြီး နောင်တွင် ယင်းပူးပေါင်းဆောင်ရွက်မှု ဆောင်ရွက်ရာတွင် နယ်ပယ်တိုးချဲ့ခြင်း၊ အဆင့်မြှင့်တင်ခြင်း ဆန်းသစ်တီထွင်ခြင်းကို တွန်းအားပေးရန်လိုကြောင်းပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

   Webradio