• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စပိန် ဘုရင်နှင့် ရှီကျင့်ဖိန် တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2017-06-09 15:29:58

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၉ရက်နေ့က ကာဇက်စတန် နိုင်ငံ အာစတာနာ မြို့တော်တွင် စပိန် နိုင်ငံ ဘုရင် ဆဌမမြောက် ဖီလီပေနှင့် တွေ့ဆုံနှုတ်ဆက် ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်ပြည်သည် တရုတ်-စပိန် ဆက်ဆံမှုကို အလွန်အလေးထားကြောင်း၊ စပိန်နိုင်ငံနှင့် အတူ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု၏ အဆင့်ကို တိုးမြှင့်ပြီး နှစ်နိုင်ငံ ပြည်သူများ အတွက် ပိုမိုများပြားသည့် ချမ်းမြေ့သာယာမှုကို ဖန်တီးပေးရန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားသည်။

ဘုရင် ဆဌမမြောက် ဖီလီပေက စပိန်-တရုတ် ဆက်ဆံမှုသည် ကြာရှည်သော သမိုင်းရှိကြောင်း၊ နှစ်နိုင်ငံတို့သည် အပြန်အလှန် လေးစားရေး အခြေခံပေါ်တွင် စီးပွားကုန်သွယ်ရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်များတွင် အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ စပိန်နိုင်ငံ အနေနှင့် တရုတ်ပြည်နှင့် အတူ နှစ်နိုင်ငံ အကြားရှိ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု ခိုင်မာစေခြင်း၊ အဆင့်မြင့် ကူးလူးဖလှယ်မှု နွေးထွေးစေခြင်းနှင့် နယ်ပယ် အသီးသီးမှ လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှု ဇောက်ချပြုလုပ်ခြင်း အတွက် လက်တွဲ ကြိုးပမ်းလိုကြောင်း ပြောကြားသည်။

   Webradio