• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အာစတာနာ ထိပ်သီး အစည်းအဝေး ကျင်းပ

(GMT+08:00) 2017-06-09 14:45:10

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံများမှ ထိပ်သီးများ ကောင်စီ ၁၇ကြိမ်မြောက် အစည်းအဝေးကို ယခုလ ၈ရက်နေ့မှ ၉ရက်နေ့အထိ ကာဇက်စတန် နိုင်ငံ အာစတာနာ မြို့တော်တွင် ကျင်းပနေကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင် အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံ ပါဝင်ရန် လက်ခံခြင်းသည် ယခုအကြိမ် အစည်းအဝေးတွင် အဓိက ဆွေးနွေးမည့် ခေါင်းစဉ် တစ်ခု ဖြစ်ကြောင်း၊ ထို့အပြင်၊ အစည်းအဝေးတွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ဖွံ့ဖြိုးရေး အလားအလာကို ရှေ့ရှုပြီး "ရှန်ဟိုင်းစိတ်ဓါတ်"ကို ပြန့်ပွါးစေရေးနှင့် လက်ရှိအချိန်တွင် အရေးကြီး နိုင်ငံတကာနှင့် ဒေသတွင်း ပြဿနာများကို ဆွေးနွေးမည် ဖြစ်ကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် တမူဆန်းသစ်ပြီး အတိုင်းအတာ ပိုမိုကြီးမား သောပူးပေါင်းဆောင်ရွက်မှုနှင့် ကူးလူးဖလှယ်မှုပြုလုပ်ကာ မကြုံစဖူး ကြီးမားသော ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ရှေ့အလားအလာ ရရှိမည် ဖြစ်သည်ဟု အကဲခတ် များက ယူဆကြကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွန်းယင်က ယခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီး အစည်းအဝေးတွင် အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တွင် တရားဝင် ပါဝင်ရန် တရုတ်ပြည် အနေနှင့် ကြိုဆိုထောက်ခံကြောင်း၊ ယင်းသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ အနေနှင့် စတင် တည်ထောင်ခဲ့သည့် နောက်ပိုင်းတွင် ပထမဆုံးအကြိမ် အဖွဲ့ဝင် တိုးချဲ့ခြင်း ဖြစ်ပြီး ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံး၊ ဧရိယာ အကျယ်အဝန်း အကြီးဆုံး ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ဖြစ်ကာ မကြုံစဖူး ကြီးမားသော ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ရှေ့အလားအလာ ရရှိမည် ဖြစ်ကြောင်း ပြောကြားသည်။

 

   Webradio