• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒုတိယအကြိမ် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ အခမ်းအနားကို မြန်မာ၌ ကျင်းပ

(GMT+08:00) 2017-06-09 11:27:43

        ယခုလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် တရုတ်အနွယ်ဖွားများ အသင်းအဖွဲ့တို့သည် တရုတ်-မြန်မာ သံတမန် အဆက်အသွယ် ထားရှိသည့် ၆၇နှစ်မြောက်နှစ်ကို ဂုဏ်ပြုရန်အတွက် ဒုတိယအကြိမ် တရုတ်-မြန်မာ ပေါက်ဖော် ချစ်ကြည်ရေးနေ့ ဧည့်ခံပွဲကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန်၊ မြန်မာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ မြန်မာ လုပ်ငန်းပေါင်းစုံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ စည်းရုံးကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ လင်ဝင်မွန်၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်တို့ အသီးသီး မိန့်ခွန်းပြောကြားပြီး၊ မြန်မာအစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ တပ်မတော်၊ အရပ်ဘက်အဖွဲ့အစည်းများ၊ တရုတ်အနွယ်ဖွားများ၊ တရုတ်လုပ်ငန်းကုမ္ပဏီများ၊ ပညာတော်သင်များ၊ မြန်မာနိုင်ငံဆိုင်ရာ သံတမန်အရာရှိများနှင့် တရုတ်၊မြန်မာမီဒီယာများမှ ကိုယ်စားလှယ် ၇၀၀ ကျော်တို့ ဧည့်ခံပွဲသို့ တက်ရောက်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio