• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်နှင့် ကာဇက်စတန် သမ္မတတို့ အာစတာနာ ကုန်စည်ပြပွဲ တရုတ်ပြတိုက် ကြည့်ရှု

(GMT+08:00) 2017-06-09 10:23:00

ကာဇက်စတန် နိုင်ငံ၌ အလည်အပတ် ရောက်ရှိနေသော တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၈ ရက်နေ့က ကာဇက်စတန် သမ္မတ နာဇာဘာယဲ့ဖှ် လိုက်ပါလျက် အာစတာနာ သီးသန့် နိုင်ငံတကာကုန်စည်ပြပွဲ၏ တရုတ် ပြတိုက်သို့ လှည့်လည် ကြည့်ရှု ခဲ့ကြကြောင်း၊ ထို့ပြင် တရုတ်-ကာဇက်စတန် အကြား အာရှ-ဥရောပ နိုင်ငံဖြတ်ကျော် ပို့ဆောင်ရေးဆိုင်ရာ ဗီဒီယို ဆက်သွယ်ရေး အခမ်းအနားသို့လည်း တက်ရောက်ခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

အာစတာနာ သီးသန့် နိုင်ငံတကာ ကုန်စည်ပြပွဲကို ပထမဆုံးအကြိမ် အလယ်အာရှ နိုင်ငံက ကျင်းပသော ကုန်စည်ပြပွဲဖြစ်ပြီး ယခုအကြိမ် ပြပွဲ၏ ဆောင်ပုဒ်သည် အနာဂတ် စွမ်းအင် ဖြစ်သည်။

   Webradio