• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လမ်ဆန်မြစ်-မဲခေါင်မြစ် ၆ နိုင်ငံတို့သည် ကူမင်း ကမ်းလှမ်းချက် ရရှိ

(GMT+08:00) 2017-06-08 10:32:32
လမ်ဆန်မြစ်- မဲခေါင်မြစ် နိုင်ငံများ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းကာကွယ်ရေးနှင့် ထွန်းကားရေး နှီးနှောဖလှယ်ပွဲကို ယခုလ ၇ ရက်နေ့က တရုတ်ပြည် ကူမင်းမြို့၌ ကျင်းပခဲ့ကြောင်း၊ တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံ ၆ နိုင်ငံမှ ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်း စီမံအုပ်ချုပ်ရေး ဌာနများမှ အရာရှိများနှင့် ကျွမ်းကျင်ပညာရှင်များသည် နှီးနှောဖလှယ်ပွဲသို့ တက်ရောက် ခဲ့ကြကြောင်း၊ ၄င်းတို့သည် လမ်ဆန်မြစ်- မဲခေါင်မြစ် မြစ်ဝှမ်းဒေသမှ ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများ ထိန်းသိမ်းကာကွယ်ရေးနှင့် ထွန်းကားရေး ကိစ္စရပ်များကို တိုင်ပင်ဆွေးနွေးပြီး ကူမင်း ကမ်းလှမ်းချက်ကိုလည်း ရရှိခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရပါသည်။
   Webradio