• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာရှ မီဒီယာ ခေါင်းဆောင်များ အစည်းအဝေး ကျင်းပ

(GMT+08:00) 2017-06-07 08:57:31
အာရှ မီဒီယာ ခေါင်းဆောင်များ အစည်းအဝေးကို ယခုလ ၆ ရက်နေ့က တရုတ်ပြည် ချင်းတောင် မြို့၌ ကျင်းပခဲ့ကြောင်း၊ ယခုအကြိမ် အစည်းအဝေး၏ ဆောင်ပုဒ်မှာ "မီဒီယာ၏ ခေတ်သစ်၊ တစ်ကမ္ဘာလုံး အတူ ဖွံ့ဖြိုးခြင်း" ဖြစ်ပြီး ရည်ရွယ်ချက်မှာ တရုတ်နှင့် အာရှ ပစိဖိတ် နိုင်ငံများ၊ ပိုးလမ်းမကြီး တလျှောက်မှ နိုင်ငံများအကြား မီဒီယာ ကူးလူးဖလှယ်မှုကို တဆင့်တိုး တွန်းအားပေးရန် ဖြစ်ကြောင်း၊ နိုင်ငံ ၄၈ နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၇ ခုမှ ဝန်ကြီးများနှင့် မီဒီယာ တာဝန်ခံများသည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း၊ တရုတ် နိုင်ငံတော် သတင်း ထုတ်ဝေဖြန့်ချိရေး၊ အသံလွှင့်၊ ရုပ်ရှင်၊ ရုပ်မြင်သံကြား ဌာနချုပ်မှ ဒုညွှန်ကြားရေးမှူးချုပ် ထုံကမ်းက ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်း ပြောကြား ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။
   Webradio