• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လန်ဒန်မြို့ ၃ ရက်နေ့တွင် လုံခြုံမှု အရေးအခင်း သုံးကြိမ်ထက်မနည်း ဖြစ်ပွါး

(GMT+08:00) 2017-06-04 09:43:11

ဗြိတိန် ရဲဘက်က၊ ယခုလ ၃ ရက်နေ့ညတွင် လန်ဒန်မြို့၌ လုံခြုံမှု အရေးအခင်း ၃ ကြိမ် ထက်မနည်း ဖြစ်ပွါးခဲ့ကြောင်း၊ ယင်းတို့အနက် ကုန်တင်ကား တစ်စီး လူသွားလူလာများအား ဝင်တိုက်မှုတွင် လူ ၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ အတည်ပြု ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

လန်ဒန် ရဲဘက်မှ ထုတ်ပြန်သော ကြေညာချက်တွင်၊ လန်ဒန် တံတား၊ လန်ဒန် တံတား အနီးတဝိုက်ရှိ ဈေးတန်း တစ်ခုနှင့် အနောက်တောင်ပိုင်း ဝေါ့က်စ်ဟော့ အပါအဝင် ဒေသ သုံးခုတွင် လုံခြုံမှု အရေးအခင်းများ ဖြစ်ပွါးခဲ့ရာ ပထမနှင့် ဒုတိယ အရေးအခင်းကို အကြမ်းဖက် တိုက်ခိုက်မှု အဖြစ် သတ်မှတ်ပြီ ဖြစ်ကြောင်း ဖေါ်ပြထားသည်။

   Webradio