• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုးရီးယားဆိုင်ရာ ဆုံးဖြတ်ချက်သစ်တစ်ရပ်ကို ကုလလုံခြုံရေးကောင်စီ အတည်ပြု

(GMT+08:00) 2017-06-03 12:49:06

        ယခုလ ၂ ရက်နေ့ မွန်းလွဲပိုင်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည်  ကိုးရီးယားကျွန်းဆွယ် တံခါးပွင့် အစည်းအဝေးကို ကျင်းပပြီး အမေရိကန်နိုင်ငံ တင်ပြခဲ့သော မြောက်ကိုးရီးယားနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်း တစ်ရပ်နှင့်ပတ်သက်ပြီး မဲပေးပွဲပြုလုပ်ခဲ့ရာ ထောက်ခံမဲ ၁၅ မဲဖြင့် ယင်း ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ယင်းဆုံးဖြတ်ချက်တွင် မြောက်ကိုးရီးယားနိုင်ငံ၏ နျူကလီးယား လက်နက်များနှင့် ဒုံးလမ်းသွား ဒုံးကျည် သုတေသနပြုရေးကို အပြင်းထန်းဆုံး ပြစ်တင်ရှုတ်ချကာ မြောက်ကိုးရီးယားနိုင်ငံအနေနှင့် လက်ရှိနျူကလီးယားလက်နက်နှင့် နျူကလီးယား ဒုံးကျည်အစီအစဉ်များကို စစ်ဆေးနိုင်ဖွယ်ရှိပြီး ပြန်လည် ဆောင်ရွက်ရန်မရသော နည်းလမ်းဖြင့် ပြည့်စုံစွာ စွန့်ပစ်ရန်၊ သက်ဆိုင်ရာ လှုပ်ရှားမှု မှန်သမျှကို အမြန်ဆုံးရပ်စဲရန်နှင့် ဒုံးလမ်းသွားဒုံးကျည်နည်းပညာဖြင့်  ဒုံးကျည်ပစ်လွှတ်ခြင်းနှင့် နျူကလီးယားစမ်းသပ်မှုကို မပြုလုပ်ရန် အလေးထား တောင်းဆိုခဲ့သည်။

   Webradio