• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Shangri-la ဆွေးနွေးပွဲ ကျင်းပမည်

(GMT+08:00) 2017-06-02 19:31:48

၁၆ကြိမ်မြောက် Shangri-la ဆွေးနွေးပွဲကို ဇွန်လ ၂ရက်နေ့မှ ၄ရက်နေ့အထိ စင်ကာပူတွင် ကျင်းပမည် ဖြစ်ကြောင်း၊ ယခုအကြိမ် ဆွေးနွေးပွဲတွင် လက်ရှိ အာရှနှင့် ပစိဖိတ်ဒေသ၏ လုံခြုံရေး အခြေအနေနှင့် ပတ်သက်၍ အဓိကထား လေ့လာဆွေးနွေးမည် ဖြစ်ကြောင်း ဆင်ဟွာ သတင်အးရ သိရသည်။

ခြုံပြီး ကြည့်မည်ဆိုလျှင် အာရှနှင့် ပစိဖိတ်ဒေသတွင် စည်ပင်သာယာရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းထားနိုင်ကြောင်း၊ သို့သော် မကြာခင်နှစ်များက အမေရိကန်၏ အာရှနှင့် ပစိဖိတ် မဟာဗျူဟာကြောင့် ဒေသတွင်း အခြေအနေ တင်းမာမှုကို အရှိန်မြှင့်လာပြီး အချိန်ကြာရှည်စွာ တည်ရှိသော ဒေသတွင်း လုံခြုံရေး ပြဿနာများသည် နောက်ထပ် အရှိန်မြင့်လာကြောင်း၊ နိုင်ငံတကာ အကြမ်းဖက် အင်အားများသည် ၄င်းဒေသသို့ ဝင်ရောက်လာပြီး အာရှနှင့် ပစိဖိတ်ဒေသ၏ လုံခြုံရေး အခြေအနေသည် တစ်နေ့တခြား ရှုပ်ထွေးလာကြောင်း အကဲခတ်များက ယူဆကြသည်။

အာရှနှင့် ပစိဖိတ် နိုင်ငံများ အနေနှင့် ဒေသတွင်း လုံခြုံရေး ပြဿနာနှင့် ပတ်သက်၍ ဆွေးနွေးသည့် ပလက်ဖောင်း တစ်ခု ဖြစ်သည့် အတွက် လုံခြုံရေး ခြိမ်းခြောက်မှုသည် ယခုအကြိမ် Shangri-la ဆွေးနွေးပွဲတွင် အဓိကအကျဆုံး ခေါင်းစဉ် ဖြစ်ကြောင်း သိရသည်။

တရုတ် အစိုးရသည် ယခုနှစ်ဆန်းက ထုတ်ပြန်ခဲ့သော "တရုတ်ပြည်၏ အာရှနှင့် ပစိဖိတ် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု မူဝါဒ"ကို ထုတ်ပြန်ခဲ့ရာ အာရှနှင့် ပစိဖိတ် ဒေသတွင် အတူ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးပြီး အာရှနှင့် ပစိဖိတ် အေးချမ်း တည်ငြိမ်ရေး၏ စီးပွားရေး အခြေခံ အုတ်မြစ်ကို ဇောက်ချပြုလုပ်ရန် ခံယူထားကြောင်း ဖော်ပြသည်။

   Webradio