• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် ဂျာမဏီသမ္မတနှင့်တွေ့ဆုံ

(GMT+08:00) 2017-06-02 10:37:13

ယခုလ ဇွန်လ ၁ ရက်နေ့ ဒေသစံတော်ချိန် ညနေပိုင်းက တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည် ဘာလင်မြို့တော်ရှိ သမ္မတရုံး၌ ဂျန်မဏီသမ္မတ Steinmeier နှင့်တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

လီခေ့ချန်က သမ္မတ Steinmeier အား ဥက္ကဌရှီကျင့်ဖိန်၏ နှုတ်ခွန်းဆက်ခြင်းကို တစ်ဆင့်ဖော်ပြပြီး တရုတ်-ဂျာမဏီ နှစ်နိုင်ငံအကြား ရင်းနှီးသော ထိပ်သီးခေါင်ဆောင်များဆက်ဆံမှုသည် နှစ်နိုင်ငံဆက်ဆံမှုတိုးတက်ရေးကို တွန်းအားပေးကြောင်း ပြောကြားခဲ့သည်။

Steinmeier သည် လီခေ့ချန်က ဂျာမဏီတွင် ခရီးလှည့်လည်ခြင်းကို ကြိုဆိုပြီး ယင်းခရီးစဉ်၏ အောင်ကျိုးရလဒ်များကို ချီးကျူးကြောင်းပြောကြားခဲ့သည်။

   Webradio