• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဘဂ္ဂဒက်ဗုံးပေါက်ကွဲမှု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြစ်တင်ရှုတ်ချ

(GMT+08:00) 2017-05-31 10:48:00
    ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Guterres သည် အီရတ်နိုင်ငံဘဂဒက်မြို့တော်တွင် ဗုံးဖေါက်ခွဲမှုကို ပြစ်တင်ရှုတ်ချကြောင်း၊ တိုက်ခိုက်သူများကို လျင်မြန်စွာ ဖမ်းဆီးနိုင်ရန်မျှော်လင့်ကြောင်း ယခုလ ၃၀ ရက်နေ့က ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ဘဂဒက်မြို့တော်တွင် ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့က ဗုံးဖေါက်ခွဲမှု ၂ ကြိမ်ဖြစ်ပွါးခဲ့ရာ လူ အနည်းဆုံး ၁၄ ဦးသေဆုံးပြီး ၈၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

   Webradio