• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လေမုန်တိုင်းမိုရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိ

(GMT+08:00) 2017-05-31 09:53:26

 ယခုလ ၃၀ ရက်နေ့က မုန်တိုင်းမိုရာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိပြီး ဘေးသင့်ဒေသမှ တစ်သန်းနီးပါးပြည်သူလူထုများ ဘေးလွတ်ရာဒေသသို့ရွှေ့ပြောင်းရန် ဒေသခံသက်ဆိုင်ရာဌာနက တောင်းဆိုခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံမိုးလေဝသဌာနမှ သတင်းကို ကိုးကား၌ ဆင်ဟွာ သတင်းအရသိရသည်။

   ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဂူထရေးစ်သည် ယခုလ ၃၀ ရက်နေ့က ၄င်း၏ပြောရေး ဆိုခွင့်ရှိသူမှတဆင့် ကြေညာချက်ထုတ်ပြန်ခဲ့ရာ သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ လေမုန်တိုင်းမိုရာကြောင့် ဘေးသင့်ရခြင်းအပေါ် ဂရုစိုက်မိကြောင်း၊ ကုလသမဂ္ဂအနေနှင့် ယင်း နှစ်နိုင်ငံကို ကူညီထောက်ပံ့မှုများ ပံ့ပိုးလိုကြောင်းဖေါ်ပြခဲ့သည်။

   Webradio