• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အီသီယိုပီးယား နိုင်ငံခြားရေးဝန်ကြီးဟောင်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒါရိုက်တာချုပ် အဖြစ် အရွေးခံရ

(GMT+08:00) 2017-05-24 09:40:51

ဂျနီဗာမြို့၌ ကျင်းပနေသော အကြိမ် ၇၀ မြောက် ကမ္ဘာ့ကျန်းမာရေး ညီလာခံတွင် ယခုလ ၂၃ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒါရိုက်တာချုပ်ကို မဲပေး ရွေးချယ် ခဲ့ကြောင်း၊ အီသီယိုပီးယား နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဒေါက်တာ တယ်ဒရော် အာဒါနွန် သည် ဒါရိုက်တာချုပ် အဖြစ် အရွေးခံခဲ့ရကြောင်း၊ ယင်းသည် နှစ် ၇၀ အတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ပထမဦးဆုံးသော အာဖရိကမှ လာသော ဒါရိုက်တာချုပ် ဖြစ်ကြောင်း၊ တယ်ဒရော် အာဒါနွန် သည် ယခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် တာဝန် စတင် ထမ်းဆောင်မည် ဖြစ်ပြီး တာဝန်သက်တမ်းမှာ ၅ နှစ် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး မိန့်ခွန်း ပြောကြားရာတွင် တယ်ဒရော် အာဒါနွန်က၊ မိမိသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ဦးဆောင်ပြီး အဖွဲ့ဝင်နိုင်ငံများအတွက် လိုအပ်သော ဝန်ဆောင်မှုများပေးမည် ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်များနှင့်အတူ နိုင်ငံတကာ ကျန်းမာရေးနယ်ပယ်မှ စိန်ခေါ်မှုများကို လက်တွဲ ရင်ဆိုင်ဖြေရှင်းသွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

 တယ်ဒရော် အာဒါနွန်သည် အီသီယိုပီးယား ကျန်းမာရေး ဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီး ထမ်းဆောင်ခဲ့ဖူးသည့်အပြင်၊ နိုင်ငံတကာ အေအိုင်ဒီ အက်စ်ရောဂါ၊ တီပီ ရောဂါနှင့် ငှက်ဖျားရောဂါ ခုခံရေး ရန်ပုံငွေအဖွဲ့ ကောင်စီ ဥက္ကဋ္ဌနှင့် ငှက်ဖျားရောဂါ ထိန်းချုပ်ရေး မိတ်ဖက်ဆက်ဆံမှုနိုင်ငံများ ကောင်စီ ဥက္ကဋ္ဌ စသည့် ရာထူးများကိုလည်း ထမ်းဆောင် ခဲ့ဖူးကြောင်း သိရပါသည်။

 

   Webradio