• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုးရီးယားနိုင်ငံက လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ဖောက်ဖျက်ပြီး ဒုံးကျည်ပစ်လွှတ်ခြင်းကို တရုတ်ကန့်ကွက်

(GMT+08:00) 2017-05-23 12:25:50

        တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ယဉ်က မြောက်ကိုးရီးယားနိုင်ငံသည်  ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို ဖောက်ဖျက်ပြီး ဒုံးလမ်းသွားဒုံးကျည် ပစ်လွှတ်ခြင်းကို တရုတ်ပြည်ဘက်က ကန့်ကွက်ကြောင်း၊ မျက်မှောက်အခြေအနေတွင် သက်ဆိုင်ရာဘက်အသီးသီးတို့သည် ခေါင်းအေးအေးထားပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ကာ ကိုးရီးယားကျွန်းဆွယ် နျူးကလီးယားပြဿနာကို ညှိနှိုင်းဆွေးနွေးသော နည်းလမ်းဖြင့် ဖြေရှင်းရန် တွန်းအားပေးရမည်ဖြစ်ကြောင်း ယခုလ ၂၂ ရက်နေ့က ပီကင်းမြို့၌ ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio