• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ကျမ်းကျားကျဲ့မြို့နှင့် ကမ္ဘောဒီးယား စိန်ရိမြို့ ပူးပေါင်းဆောင်ရွက်

(GMT+08:00) 2017-05-23 11:01:56

တရုတ် ဟူနန်ပြည်နယ် ကျမ်းကျားကျဲ့မြို့နှင့် ကမ္ဘောဒီးယားနိုင်ငံ စိန်ရိ မြို့တို့သည် ယခုလ ၂၂ ရက်နေ့က ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာကို ချုပ်ဆိုခဲ့ကြကြောင်း တရုတ် သတင်းအရ သိရပါသည်။

ကျမ်းကျားကျဲ့မြို့ ဒုမြို့တော်ဝန် ယုံယန်က၊ ကျမ်းကျားကျဲ့နှင့် စိန်လိမြို့သည် နှစ်မြို့စလုံး ကမ္ဘာ့စံချိန်မီ ခရီးသွားမြို့ ဖြစ်ပြီး နှစ်ဖက်တို့သည် ခရီးသွား၊ စီးပွါးရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုနှင့် ပညာရေး စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရန် အလားအလာ ကောင်းမွန်ပါကြောင်း ပြောကြားခဲ့ပါသည်။

   Webradio