• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၃ကြိမ်မြောက် အေပက်အဖွဲ့ ကုန်သွယ်ရေးဝန်ကြီးများအစည်းအဝေးတွင် အောင်ကျိုးရလဒ်ကြီး ၅ ရပ် ရရှိ

(GMT+08:00) 2017-05-22 12:23:51

        တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ဝမ်ရှူဝင်က ယခုလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့၌ ကျင်းပသော ၂၃ကြိမ်မြောက် အေပက်အဖွဲ့ ကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် အောင်ကျိုးရလဒ်ကြီး ၅ ရပ် ရရှိခဲ့ကြောင်း ၂၁ ရက်နေ့က ဟနွိုင်မြို့၌ သတင်းထောက်များအား ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        ယင်း အောင်ကျိုးရလဒ်ကြီး ၅ ရပ်မှာ ဒေသတွင်း စီးပွားရေး တစ်ပြေးညီဖြစ်ရေးနှင့် အာရှ-ပစိဖိတ်ဒေသ လွတ်လပ်သော ကုန်သွယ်ရေးဇုန် ဖွံ့ဖြိုးမှုကို တွန်းအားပေးခြင်း၊ နိုင်ငံစုံ ကုန်သွယ်ရေးစနစ်ကို ထောက်ခံခြင်း၊ ကုန်သွယ်ရေးနယ်ပယ်မှ ဆက်သွယ်မှုနှင့် ဖလှယ်မှုကို တွန်းအားပေးခြင်း၊ ဆက်တိုက် ဆန်းသစ်တီထွင် သက်ညှာထောက်ထားသော တိုးတက်မှုကို တိုးမြှင့်ရေးနှင့် အလတ်စား၊ အသေးစား လုပ်ငန်းကုမ္ပဏီများ၏ ယှဉ်ပြိုင်စွမ်းအားနှင့် ဆန်းသစ်တီထွင်စွမ်းအားကို တိုးမြှင့်ရေး စသည့် အဆိုပြုချက်များကို ဆွေးနွေးခြင်းနှင့် ၂၀၂၀ ပြည်နှစ် အနာဂတ်ရေး အကောင်အထည်ဖော်ဆောင်မှုကို စီစဉ်ပေးခြင်းတို့ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

   Webradio