|
||||||||
|
|||||||||||||
ဆော်ဒီအရေးဗျသို့ အလည်အပတ်ရောက်ရှိနေသော အမေရိကန်သမ္မတထရန့်သည် ယမန်နေ့ ၂၁ ရက်နေ့က ပင်လယ်ကွေ့အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ရာ ပင်လယ်ကွေ့ဒေသ လုံခြုံရေးအခြေအနေ၊ နှစ်ဖက်ဆက်ဆံရေးနှင့်ပတ်သက်၍ ညှိနှိုင်းတိုင်ပင်ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရ သည်။
အစည်းအဝေးမကျင်းပခင် ထရန့်နှင့် ပင်လယ်ကွေ့အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက် ရေးကော်မတီ အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်၏ရှေ့မှောက်တွင် နှစ်ဖက်တို့သည် အကြမ်းဖက်မှု နှင့် ငွေမဲကို ငွေဖြူဖြစ်အောင်ပြုလုပ်မှုတိုက်ဖျက်ရေးစင်တာ တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချုပ်ကို ချုပ်ဆိုခဲ့သည်ဟုသိရသည်။
|