|
||||||||
|
|||||||||||||
ယခုလ ၂၁ ရက်နေ့ နံနက်ပိုင်းက တရုတ် ရေတပ် ခရီးဝေး လှည့်လည်ရေး သင်္ဘောအုပ်စုသည် မြန်မာနိုင်ငံ၌ ချစ်ကြည်ရေး ခရီးစဉ် ပြီးဆုံးပြီ ဖြစ်၍ သီလဝါ ဆိပ်ကမ်းမှ ထွက်ခွါခဲ့ကြောင်း၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန့်နှင့် သံရုံး ဝန်ထမ်းများ၊ တရုတ် လုပ်ငန်းကုမ္ပဏီနှင့် တရုတ်အနွယ်ဖွား ကိုယ်စားလှယ်များ၊ မြန်မာ ရေတပ် ကိုယ်စားလှယ်များ စုစုပေါင်း လူ ၄၀၀ တို့သည် ဆိပ်ကမ်း၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။
တရုတ် ရေတပ် ခရီးဝေး လှည့်လည်ရေး သင်္ဘောအုပ်စုသည် မလေးရှားနိုင်ငံ ခရီးစဉ် ပြီးဆုံးပြီးနောက် ၁၈ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ အစီအစဉ် အရ ရန်ကုန်မှ ထွက်ခွါပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ခရီးဆက်သွားမည် ဖြစ်ကြောင်း သိရပါသည်။
|